Care Teen ၏ April2ရက်နေ့ Activity

Care Teen ပရဟိတအဖွဲ့ဟာ ယနေ့မှာ မှန်ကင်း ၂ မိဘမဲ့ပရဟိတဂေဟာကျောင်းက ကလေးငယ် များကို ရွှေတိဂုံဘုရားနဲ့ တိရိစ္ဆာာန်ဥယျာဉ်ကို လေ့လာရေးပို့ဆောင်ပေးခဲ့ကြပါတယ်

မအိအိခိုင်မှဦးဆောင်တဲ့ မိဘမဲ့ကလေးငယ်များကို ကူညီပေးတဲ့အစီအစဉ်မှာ လုပ်အားပေးခဲ့ကြတာဖြစ်ပြီး ကလေးများကို ရွှေတိဂုံဘုရားကို ဦးစွာဖူးမျှော်စေပါတယ် ထို့နောက်ဘုရားပေါ်မှတစ်ဆင့် မဟာဗုဒ္ဓဝင်ပြခန်းတွေ အခြားနေရာတွေကို ကလေးများဗဟုသုတရစေရန်အတွက် သွားရောက်လေ့လာကြပါတယ်။ ထို့နောက်တိရိစ္ဆာန်ဥယျာဉ်သို့သွားရောက်ကာ ကလေးငယ်များကို နေ့လည်စာကျွေးခြင်း၊ ပုံပြင်များပြောခြင်း၊ ကလေးငယ်များနှင့်ကစားခြင်းများပျော်ရွှင်စွာပြုလုပ်ပေးပါသည်. အလှူရှင် မပြည့်ပြည့်ဝင်းကိုမှလည်း ကလေးငယ်များအတွက် VeVe အချိုရည်များ ပဲနို့များမုန့်များကိုလှူဒါန်းသောကြောင့် ပျော်ရွှင်စွာစားကြသောက်ကြပါသည်။ ကလေးငယ်များကို တိရိစ္ဆာန်ဥယျာဉ်လေ့လာရေးခရီးစဉ်ကို လုပ်ပေးခဲ့ကြပါတယ် ထို့နောက်တွငိ ကလေးငယ်များကို မအိအိခိုင်မှ မုန့်လုံးရေပေါ်များလုပ်ကျွေးခြင်း ၊ အလှူရှင်များမှ စာရေးကိရိယာများ စာအုပ်များ အရုပ်များမုန့်များကို ပေးကြပါတယ်။ နောကိဆုံးတွင် Care Teen အဖွဲ့မှ အသင်းဝင်များနှင့် ကလေးများအာလုံး လက်သစ်ပင်ကစားနည်းကိုဆင်နွှဲကာ ပျော်ရွှင်စွာဖြင့် ပရဟိတလုပ်ငန်းစဉ်တစ်ရပ်အထမြောက်အောင်မြင်ခဲ့ပါတယ်။

သူတောင်ကောင်းများအားလုံး နေ့သစ်များကို ငြိမ်းချမ်းစွာဖြတ်သန်းနိုင်ပါစေ



Previous
Next Post »