Care Teen Charity Group ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ပရဟိတလုပ်ငန်းများကိုစိတ်ပါဝင်စားသော လူငယ်လေးများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့အထိ အဖွဲ့ဝင်ပေါင်း ၂၀၀ ကျော်ထိ ပါဝင်ခဲ့ပြီးဖြစ်ပါသည်။ အဖွဲ့တွင် တက္ကသိုလ်ကျောင်းသား/သူများ အများဆုံးပါဝင်ပြီး အလယ်တန်း အထက်တန်း ကလေးငယ်များပါပါဝင်ကူညီလျက်ရှိပါသည်။ အလှူငွေကောက်ခံပေးရန် ကိုယ်စားလှယ်များထားရှိပေးထားပြီးactivities ဓာတ်ပုံ များကို အဖွဲ့၏ page ဖြစ်သာ Care Teen တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အဖွဲ့၏လှူဒါန်းမှုများကတော့
၂၀၁၄ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့ ကိုးထပ်ကြီးဘုရား မှာရှိတဲ့ ရွှေတောင်တိုက်သစ် ဘုန်းတော်ကြီးစာသင်ကျောင်း
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် သန်လျင်မြို့ရှိ ဆုတောင်းပြည့် တိုင်းရင်းသား မိဘမဲ့ကလေးငယ်များ ပြုစုစောင့်ရှောက်ရေး ကျောင်းတိုက် တို့တွင် ကလေးငယ်များအတွက် အာဟာရဒါနသာမက ဆန် ဆီ အဝတ်အထည် အစရှိတဲ့ အရာများကို ပါ လှူဒါန်းပြီးစီးခဲ့ပါသည်။
ထို့အပြင် အဖွဲ့၏လှုပ်ရှားမှုများကတော့
ဓမ္မစကူးတွင် စေတနာဝန်ထမ်းအဖြစ်ဆောင်ရွက်ပေးခြင်း
၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာအေး ဂမုန်းပွင့်၌ မိဘမဲ့ကလေးငယ်များအတွက် Charity Sale
၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်ဆေးရုံကြီးသွေးလှူဘဏ်၌ အသက် ၁၈ နှစ်ပြည့်ပြီးသော မန်ဘာများမှ သွေးလှူဒါန်းခြင်း
၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ လတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားတွင် တံမြက်စည်းလှည်း ကုသိုလ်ယူခြင်း ၊ စတု ဒိသာအချိုရည်တိုက်ကျွေးခြင်း
၂၀၁၅ ခုနှစ် မတ်လ တွင်အောင်ဇေယျာမင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင်သွားရောက်လှူဒါန်းခြင်း
အဖွဲ့သားများအနေဖြင့် မိမိတို့တက်နိုင်ရင် တက်နိုင်သလို ငွေအားဒါနတင်မကပဲ လုပ်အားဒါနပါ ပြုလုပ်ပေးကြပါရန် တိုက်တွန်းလိုပါတယ်။ အဖွဲ့စွဲမထားစေချင်ပါ ပရဟိတစိတ်ဓာတ်သာလျှင်အဓိကဖြစ်ပါတယ်။ အဖွဲ့၏ လစဉ်ကြေးများကိုပုံမှန်ထည့်သွင်းပေးကြပါရန်လည်းမေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော်တို့ကူညီဖေးမလိုက်လို့ပူလောင်နေတဲ့ဘဝတွေ တစ်သက်တာမဟုတ်ရင်တောင်တောင်တစ်ခဏတာ အေးချမ်းသွားစေရင်ပဲ အပင်ပန်းခံခဲ့ရကျိုးနပ်မှာပါ။
ဒုတိယအကြီမ် ရွှေတိဂုံဘုရားတွင်သန့်ရှင်းရေးအလှူနှင့် အအေးစတုဒီသာတိုက်ကျွေးခြင်း
ရန်ကုန်အခြေစိုက်ပရဟိတလူငယ်များကွန်ရက်နှင့်အတူ ရေဘေးသင့်ဒေသများကိုသွားရောက်လှူဒါန်းခြင်း
Dental Donation group မေတ္တာလူငယ်စသည့်အဖွဲ့များနှင့်ပူးပေါင်းကာ ရေဘေးသင့်ပြည်သူများကိုသွားရောက်လှူဒါန်းခြင်း
စိတ္တဇဆေးရုံတွင်သွားရောက်လှူဒါန်းခြင်း
International youthday တွင်ပါဝင်ဆင်နွှခြင်းစသည်ဖြင့် activities ပေါင်းများစွာကို ဆောင်ရွက်ခဲ့ပြီးပါပြီ
ကျွန်တော်တို့ရည်ရွယ်ချက်ကရှင်းပါတယ်။ တစ်လကိုသုံးထောင်ပုံမှန်ကောက်ပြီးလှူမယ် ကြားထဲမှာလည်းအားရင်အားသလို ဘိုးဘွားရိပ်သာမှာ ဘိုးဘိုးဘွားဘွားတွေနဲ့အဖော်လုပ်ပြီးစကားလေးတွေပြောပေးတာတွေ၊ မိဘမဲ့ကလေးလေးတွေနဲ့ဆော့ကစား ပေးတာတွေ၊ ကလေးလေးတွေကိုကျန်းမာရေးအသိပညာပေးတာတွေ၊ သွေးလှူဒါန်းတာတွေ၊ လူနာတွေကိုကူညီတာတွေ၊ ဘုရားကျောင်းကန်တွေမှာသန့်ရှင်းရေးလုပ်တာတွေ စတဲ့ Activities တွေကိုအင်တိုက်အားတိုက်လုပ်ဆောင်သွားမှာပါ။ ကျတော်တို့အဖွဲ့အနေနဲ့လည်းအများအပြားလုပ်ဆောင်ခဲ့ပြီးပါပြီ။ မန်ဘာအသစ်တွေအနေနဲ့ ဒီအချိန်မှာ ငါတို့သူတို့လောက် ကူညီပေးနိုင်ပမလားလို့စဉ်းစားလာပါလိမ့်မယ်။ မပူပါနဲ့ အဖွဲ့စဝင်ကတည်းက ခုချိန်ထိငွေသားအလှူပဲ ပေးတဲ့သူတွေလည်းရှိပါ တယ်။ အဓိကက စိတ်ပါပဲ။ ငွေချည်းပဲလည်းမလှူချင်ဘူး လုပ်အားအလှူပေးဖို့လည်းအဆင်မပြေဘူးဆို တစ်ခြားအဆင်ပြေတဲ့ နေရာတွေကနေကူညီပေးနိုင်ပါတယ်။ စိတ်မကောင်းမဖြစ်ပါနဲ့။ ဥပမာ အဖွဲ့အကြောင်း share ပေးတာတွေ မန်ဘာအသစ်တွေခေါ်ပေးတာတွေပေါ့ ကိုယ်ကြောင့်သူများတွေလှူလာတယ်ဆို ကိုယ်လည်းနိဗ္ဗာန်ဆော်ကုသိုလ်ရပါတယ်။ အဖွဲ့က တစ်လကိုလည်းသုံးထောင်ပဲကောက်တဲ့အတွက် မများပါဘူး။ အားလုံးအဆင်ပြေကြမှာပါ။ ပိုက်ဆံကောက်တဲ့ပုံလေးကိုလည်းရှင်းပြပါရစေ။ ခုလက်ရှိ တက္ကသိုလ်တော်တော်များများမှာ Care Teen leaders တွေရှိပါတယ်။ သူတို့ကဦးဆောင်ပြီးကောက်ပေးပါတယ်။ ဆယ်တန်းမပြီးသေးတဲ့လူတွေ ခုမှပြီးတဲ့သူတွေ တက္ကသိုလ်မတက်တော့တဲ့သူတွေ ကိုယ်တက်တဲ့ uni မှာခေါင်းဆောင်မရှိတဲ့သူတွေအတွက်လည်း အဆင်ပြေအောင်စီစဉ်ထားပါတယ်။ ကျေးဇူးတင်ပါတယ်

EmoticonEmoticon