Credit- Ye Ye Oo Fb
Posted at 8.5.2016
ရင်ဘတ်ပါရင်ခံစားပေးကြပါဗျာ။ ဒီကိစ္စကိုအထက်ကသိအောင်လည်း ကျတော်တင်ပြဖို့လုပ်မှာပါ။
ကလေးတွေဖမ်းတယ် ကလေးတွေဖမ်းတယ်
ငယ်ငယ်ကပြောရင် ကြောက်တယ်။ ကုလားကြီးကလာဖမ်းတယ်ပြောတာကိုး။ လက်စသတ်တော့ ဖမ်းတာကုလားကြီးမဟုတ်ပဲ အရပ်ဝတ်ရဲတွေဖြစ်နေတယ်။
ဒီနေ့တံတားကလေးမှာ စာသွားသင်တော့ လာနေကျကလေးနှစ်ယောက်မလာဘူး။ ကျောင်းပြေးတယ်ထင်ပြီးလိုက်ခေါ်တယ်။
ကြားရတဲ့သတင်းက လူမဆန်ဘူး။ အမှိုက်ကောက်တာ လိုက်တောင်းတာမြင်လို့ ရဲကဖမ်းထားပြီးထောင်ထဲ ထည့်ထားသတဲ့။
ဟံသာဝတီရဲစခန်းမှာတဲ့။ JS နားက ရွှေပလ္လင်ဆိုင်ဘေးက ရဲဝင်းကြီးပေါ့။
မြောက်ဥက္ကလာတံတားကလေးကနေ အဲ့ထိသယ်သွားတော့ မိဘမှာ ရှာချိန်ကိုပဲတစ်ရက်ကြာတယ်။ အခုတွေ့တော့လည်း ချက်ချင်းထုတ်မရသေးဘူး။ ရပ်ကွက်ထောက်ခံစာ ရဲထောက်ခံစာ ဘာညာပေါ့။ လိုအပ်တာတွေကိုမိဘတွေကလိုက်လုပ်ပြီး ခုရဲစခန်းသွားမလို့တဲ့။ ကျတော်ရယ် ကိုစော မချမ်း အိမြတ်မွန် တို့တွေလည်းလိုက်သွားတာပေါ့။ လမ်းမှာ အကျိုးအကြောင်းမေးတောလ ကလေးက ပလုံကောက်တဲ့ကောင်လေးတွေနဲ့ မီးပွိုင့်မှာလိုက်တောင်းနေတုန်းဖမ်းသွားတာတဲ့။ မနေ့က လိုက်သွားတော့ ကလေးကိုစကားပြောဖြစ်တယ်တဲ့။ ကလေးဆီကစစ်ချက်ယူတော့ ကလေးက ကြောက်ပြီး မိဘနာမည်မှားနေလို့ ပြသနာတက်သေးတယ်တဲ့။ အဖေအမေကိုတော့ မှတ်မိတော့ ဝန်ခံပေမယ့် အဲ့တာကိုပြသနာရှာတယ်တဲ့ စာရင်းပေးထားတာမတူဘူးပေါ့
ကလေးကဘယ်အရွယ်တုန်းဆိုတော့ ငါးနှစ် တဲ့ဗျာတို့ရေ။ ငါးနှစ်တဲ့။ ငါးနှစ်ကလေးကို အဖေအမေနာမည် နေရပ်လိပ်စာ စစ်ချက်ယူသတဲ့။ ကလေးဥပဒေဘယ်ရောက်သွားတုန်း။ အုပ်ထိန်းသူတစ်ဦးတစ်ယောက်မပါဘဲ စစ်ချက်ယူခွင့်မရှိဆိုတဲ့ ဥပဒေကြီးက ရဲစခန်းမှာပျောက်နေတာလား။ နောက်တစ်ယောက်ကတော့ ကိုးနှစိဆိုတော့ရေလည်နေပါပြီ။
အဲ့လိုနဲ့ ရဲစခန်းရောက်တော့ ကျတော်ရယ် ကိုစောရယ်က စာသင်နေတဲ့ဆရာတွေဖြစ်ကြောင်း ဒီကလေးတွေကတစ်ကယ်စာသင်နေတဲ့ကလေးတွေဖ်ြကြောင်း လိုအပ်တာတွေလည်းယူလာကြောင်း မိဘတွေလည်းပါကြောင်းပြောတာကို အဖေကိုပေးမဝင်ဘူး အမေနှစိယောက်နဲ့ ကျတော် ကိုစော လေးယောကိပဲပေးဝင်တယ်။
အထဲလည်းရောက်ကောဗျာ ထောက်ခံချက်စာရွက်တွေယူနေတဲ့ အစောင့်ကတုန်နေတယ်။ ရေချိန်မကိုက်သေးဘူး။ နောက်အစောင့်တစ်ယောက်လည်း တော်တော်မဖွယ်မရာပါပဲ။ ကျတော်တို့ကိုဘာပြောလဲဆိုတော့ ဒီနေ့ရုံးပိတ်တယ်တဲ့ ကလေးကိုပြန်ထုတ်လို့မရသေးဘူး။ မနက်ဖြန်ဒီဟာတွေအထက်ကိုတင်ပေးမယ် နောက်သုံးရက်လောက်ကြာမယ်တဲ့ ခွင့်ပြုမိန့်ရရင်လွှတ်ပေးမယ်တဲ့။ ကျတော်ကပြောတယ်။ ငါးနှစ်ကလေးအတွက် အရမ်းကိုကြာလွန်းပါတယ်။ အထက်ကိုတင်ပြတာထက် အခုလည်းလိုအပ်တာတွေရနေပြီ မိဘကြီးတွေလည်းလာခေါ်နေပြီ လွှတ်ပေးပါဆိုတော့ လုပ်ထုံးအရ မလွှတ်နိုင်ပါတဲ့။ ကျတော်မေးတယ်
ဘာစီမံကိန်းလဲ
လေလွင့်ကလေးပပျောက်ရေးတဲ့ ဒီကလေးတွေကိုလူမှုဝန်ထမ်းကိုလွှဲပေးပြီး
လူမှုဝန်ထမ်းကတစ်ဆင့် ယောက်ျားလေးဆို ငှက်အော်စန်း မိန်းကလေးဆို ရွှေဂုံတိုင်မိန်းကလေးကျောင်းကိုပို့သတဲ့
ကြားဖြတ်ပြောပါရစေ :-)
ငှက်အော်စန်းဆိုတာလူငယ်ပြုပြင်ရေးဂေဟာပါ ရိုင်းရိုင်းပြောရင် ကလေးဆိုးတွေကိုထိန်းတဲ့ထောင်ပါ။ အပြစ်ရှိသူကိုပို့ရပါတယ်။ အပြစ်သားတွေအတွက်ပါ။
မိဘမဲ့ဂေဟာတို့ ပြုစုစောင့်ရှောက်ရေးဂေဟာတို့ဆိုတာကမှ ကူညီပေးတဲ့ နေရာတွေပါ။ အဲ့တာကိုလည်းပြောပြတော့ ဒါသူတို့ကိစ္စမဟူတ်ဘူး သူတို့က ကလေးတွေဆီကစစ်ချက်ယူပြီး မိဘမဲ့ဆို လူမှုဝန်ထမ်းကိုပို့မှာပဲတဲ့။
ဟုတ်ပြီ နောက်ဆုံးကလေးတွေနဲ့ပေးတွေ့တယ်။
"ကျတော့်ဘဝမှာပထမဆုံး shock ရခဲ့တယ်။ ၅ နှစ်သား နဲ့ ၉ နှစ်သား ကလေးလေးနှစ်ယောက်။ ဒီ့ထက်ပိုပြောရရင် ကျတော်စာသင်ပေးနေတဲ့ ကလေးလေးနှစ်ယောက်က လက်ကလေးတွေပိုက်လို့ တုတ်တုတ်တောင်မလှုပ်ရဲဘဲ အထဲကထွက်လာတယ်။ တံခါးကိုပိတ်လိုက်တယ်။ ကျတော်တို့ကြားမှာ သံဇကာခြားနေတယ်။ အမေနှစ်ယောက်နေရာကခံစားကြည့်ပါ။ သူ့သားငါးနှစ်သားလေးကို ထောင်စည်းကမ်းနဲ့ ဖမ်းတယ်ဆိုတဲ့အမည်ရိုင်းလို့ ထိန်းသိမ်းတယ်ဆိုတဲ့စကားလုံးလှလှလေးနဲ့အချုပ်ကျနေတာကိုမြင်ရတာ။ ကလေးလေးတွေမှာအမေလာတော့ ငိုကြတယ်။ အမေတွေမှာ အသည်းအသန်မငိုရဲဘူး ကိုယ့်ကလေးအားငယ်မှာစိုးလို့။ မုန့်ထုပ်လေး အဝတ်ထုပ်လေးထိုးပေးပြီး မျက်ရည်တွေကိုမျိုချနေရတဲ့မြင်ကွင်း"
ကျတော့်ဘဝမှာ တစ်သက်မမေ့ဘူး။
ပျော်ပျော်ကြီးကြည့်နေတဲ့အစောင့်နှစိယောက်ကိုကြည့်ပြီးပိုရင်နာတယ်။ ကလေးကိုထိခွင့် တို့ခွင့်မပေးဘူး။ ငါးမိနစ်တောင်မပြည့်ဘူး။ အထဲပြန်သွင်းတယ်။ တံခါးတွေလည်းဖွင့်ရော ကျတော်အထဲရုတ်တရက်ဝင်ကြည့်လိုက်တယ်။ အထဲမှာဗျာ ကလေးလေးတွေကို တန်းစီးတစ်ယောက်က ပုံစံပေးနေတယိ။ ကျတော့်အရွယ်ပေါ့။ ကလေးလေးတွေမှာ ပုံစံထိုင်နေရတယ်။ ရိုက်နှက်ဟန်လည်းပေါ်ပါတယ်။ ပြောတော့ ထိန်းသိမ်းတယ်တဲ့ ဒါလားထိန်းသိမ်းတာဗျာ။
ကျတော်ထွက်လာတယ်။ မေးတယ်။ ဘယ်သူကဒီစီမံကိန်းကိုလုပ်တာလဲ။ ဘယ်လိုလုပ်တာလဲ။ ဘယ်တုန်းကလုပ်တာလဲ။ တစ်ယောက်မှမဖြေဘူး။ ဒီရဲစခန်းရဲ့တာဝန်ရှိသူဘယ်သူလဲမေးလဲ လုံးဝမဖြေဘူး။ ကျတော်ဂိတ်ပေါက်လည်းရောက်ရော အပေါက်ဝကရဲကြီးကတော့ တအားသဘောကောင်းတယ်။ မရခဲ့ကြောင်းအကျိုးအကြောင်းပြောတော့ ကားတစ်စီးထွက်သွားတုန်း အဲ့ကားကိုလှမ်းတားပြီး ဆရာကြီး ဒါကစာသင်ပေးတဲ့ဆရာလေးတွေပါ။ ကလေးကိစ္စလာကြတာဆိုတော့။ ကျတော်လဲလိုက်သွားတယ်။ ဆရာကြီးကိုမိတ်ဆက်တယ် ကျတော့နာမည် ရဲရဲဦးပါ ဒုတိယနှစ်သွားဆေးပဲရှိသေးတယ်။ မင်းဟာမင်းဘာဖြစ်ဖြစ်ငါမသိချင်ဘူး။ ငါတို့ကတော့ လွှတ်မပေးနိုင်ဘူးတဲ့။ ကျတော်တို့ နာရီဝက်လောက်စကားပြောခဲ့တယ်။ အဖြေမရခဲ့တဲ့အပြင်အရမ်းကို ရွံဖို့ကောင်းကြောင်းသိခဲ့ရတယ်။
သူပြောတဲ့စကားတွေကိုပြောပြမယ်။
ငါတို့ဒီလိုလုပ်တာ ငါတို့သဘောမဟုတ်ဘူးတဲ့။ အထက်ကအမိန့်ပေးလို့တဲ့။ အထက်ကဘယ်သူအမိန့်ပေးတာလဲဆိုတော့
မသိဘူးတဲ့ ဒါပေါ်လစီအသစ်တဲ့။
ဟုတ်ပြီအဲ့တာဆို ဘယ်ကချတဲ့အမိန့်ခဲဆိုတော့ မြိုတော်စည်ပင်တဲ့။ ဒီလိုလုပ်တာကိုလူတိုင်းသိတယ်တဲ့။ လုပ်တာနှစ်နှစ်ဆယ်ကျော်ပြီ ဂျာနယ်တွေထဲမှာလည်းပါတယ်တဲ့။ ကျတေိာမေးတယ် ပြောတော့ ပေါ်လစီအသစ်ဆို ဘာလို့နှစ်နှစ်ဆယိကျော်ပြီပြောတာလဲဆိုတော့ ဝေ့လည်ကြောင်ပတ်တွေပြန်ပြောတယ်။ ဟုတ်ကဲ့ပါ အဲ့တာဆိုသတင်းစာတွေမှာကြေငြာတယ်ဆိုတော့ ဘယ်သတင်းစာ ဘယ်ဂျာနယ်မှာ ထည့်ကြေငြာပါသလဲလို့မေးတော့လည်း သူတို့က သတင်းစာထဲမှာဒီလိုပဲမီဒီယာတွေကရေးကြတယ်ဆိုတဲ့အကြောင်း သူတို့ကတော့မမှတ်ထားကြောင်း စသဖြင့် မရေမရာတွေပြောပါတယ်။ ဟုတ်ကဲ့ပါ ဒါဆိုပြည်သူတွေသိအောင် ဒီလိုလေလွင့်ကလေးတွေကိုဖမ်းတယ်လို့ ကြေငြာပါသလားဆိုတော့အဖြေကိုတန်းထွက်သွားပါတယ်။ ပြည်သူတွေကိုဘာမှကြေငြာစရာမလိုပါ။ သူတို့သိစရာလဲမလိုပါဟုဖြေကြားပါတယ်။ ဒီစီမံကိန်းလုပ်တာပြည်သူတွေကိုပေးမသိတော့ ဦးလေးတို့ဖမ်းတဲ့ကလေးတွေက တစ်ခြားနိုင်ငံသားတွေလားဆိုတော့ လေလွင့်ကလေးဆိုအကုန်ဖမ်းတယ်တဲ့။ ဒါဆို ကျတော့ဟာကျတော် လမ်းပေါ်ထွက်ပြီး ပိုက်ဆံမရှိလို့ ပိုက်ဆံပြတ်နေလို့ တောင်းစားရင်းစားမယ် ခွက်ထွက်ကောက်ရင်ကောက်မယ် ဦးလေးတို့ဖမ်းမလားဆိုတော့ ဖမ်းမယ်တဲ့။ အဆို ကျတော်ပိုက်ဆံမရှိရင် ဘာလုပ်စားရမလဲမေးတော့ ဒါမင်းကိစ္စတဲ့။ မချမ်းက ရန်ကုန်တိုင်းဝန်ကြီးဦးဖြိုးမင်းသိန်း မြိုတော်ဝန်ဦးမောင်မောင်စိုးကိုမေးမြန်းတဲ့အခါမှာ ဒီလိုကလေးတွေကိုလေလွင့်ပပျောက်ရေးလုပ်တာ သူတို့တွေလုံးဝမသိပါတဲ့။ ပြောရရင် အောက်ခြေကနေ ကိစ္စပြီးပြီးရောလုပ်နေတဲ့ စောက်တစ်လွဲကိစ္စ။ ဒါမှမဟုတိလည်း လွန်ခဲ့တဲ့သူပြောတဲ့ အနှစ် ၂၀ က စေတနာရှင်ကြီးတစ်ဦးပြုလုပ်ပေးသွားတာဖြစ်နိုင်ပါတယ်။ နောက်ဆုံးစာရင်းချုပ်တော့ သူတို့စီမံကိန်းကပြီးပြီးရော စီမံကိန်း။ ခဏတာရှင်းလင်းရေးစီမံကိန်း
ပြီးတော့ ဘယ်သူခိုင်းမှန်းလည်းမသိ။ ဥပဒေလည်းမယ်မယ်ရရမရှိတဲ့ စီမံကိန်းတစ်ခု။ တစ်နေ့သုံးခေါက်ထွက်ဖမ်းသတဲ့။ ကလေးမမိရင်ထုချေလွှာတောင်းခံရသတဲ့။ သူတို့အကြီးအကဲက အခုဆေးရုံတက်နေရတယ်တဲ့ စေတနာတွေကောင်းလွန်းလို့ထင်ပ။ နာမည်မေးတော့လည်းလုံးဝမပြောဘူး ရာထူးလည်းမပြောဘူး။ ကလေးအမေနှစ်ယောက်ကတော့ မျက်ရည်လေးစမ်းစမ်းနဲ့။
နောက်ဆုံးချစ်စရာကောင်းအောင်ပြောသွားသေးတယ် ကိုစာသင်တဲ့ကလေးနှစ်ယောက်ပျောက်တာနှစ်ရက်ရှိပြီ မိဘရော ဆရာရောဒီနေ့မှလာသတဲ့။ ပြောလိုက်ပါတယ်
ကျတော်တို့သိတာဒီနေ့မှသိတာ။ မိဘတွေကမနေ့ကမှသိတာ။ ဦးလေးတို့ထောက်ခံစာတွေတောင်းလို့ပြန်လုပ်နေရတာကြာနေတာလို့။ ပြီးတော့ ဦးလေးတို့ မြောက်ဥက္က္တလာမှာဖမ်း စမ်းချောင်း ဟံသာဝတီ ထဲလာထည့်ထားတော့ ပျောက်လို့ရှာရသေးတယ်လို့ နေစားအလုပ်သမားတွေလို့။ သန်းကြွယ်သူဌေးမဟုတ်ဘူးလို့။
ကလေးတွေဖမ်းတယ် ကလေးတွေဖမ်းတယ်။ ကုလားကြီးမဟုတ်ပါ။တိုင်းပြည်စည်ပင်သာယာဝပြောရေးအတွက် နှစ် ၂၀ ကျော် ပြည်သူမသိတဲ့ စီမံကိန်းကြီးလုပ်နေတဲ့ ရဲသားတွေနဲ့ စည်ပင်သာယာကော်မတီပဲဖြစ်ပါတယ်။
Credit - Ye Ye Oo Fb
Uncategories
Care Teen TFDအစီအစဉ်နဲ့စာသင်ယူနေတဲ့ထဲက ကလေးငယ်နှစ်ယောက်အဖမ်းခံရမှု ကိုရဲရဲဦးရဲ့အတွေ့အကြုံ
Next
« Prev Post
« Prev Post
Previous
Next Post »
Next Post »
Subscribe to:
Post Comments (Atom)
EmoticonEmoticon