ကျွန်တော်တို့ care teen မှ လာမယ့် တနင်္ဂနွေနေ့ ၅လပိုင်း ၂၂ ရက်နေ့မှာ အောင်သုခဘုန်းတော်ကြီးသင်ပညာသင်ကျောင်းသို့ လိုအပ်သည်များ သွားရောက်လှူဒါန်းပါမယ်
အောင်သုခဘုန်းတော်ကြီးသင်ပညာသင်ကျောင်းမှာ တော်ကေးရွာတွင် တည်ရှိပြီး ဒလမြို့မှ ကားဖြင့်နှစ်နာရီခန့် သွားရပါတယ်
၎ လပိုင်းတွင် သွားရောက်ခဲ့သော survey အရ
စာသင်သားများအတွက် စားဝတ်နေရေးအပိုင်းနှင့် ပညာသင်ကြားရေးအပိုင်းများတွင် လိုအပ်ချက်များ များစွာရှိပါတယ်
အထူးသဖြင့်
ပဲအမျိုးမျိုး
ဆီ
အာလူး
ကြက်သွန်
ဆေးဝါးများ
စာရေးကိရိယာများ အစရှိသည်များ လိုအပ်ကြောင်းတွေ့ရှိရပါတယ်
အောင်သုခ ဘုန်းတော်ကြီးသင်ပညာသင်ကျောင်းမှာ အလယ်တန်းထိသာ ဖြစ်သောကြောင့် အထက်တန်းအဆင့် ကျောင်းသားများမှာ အဝေးရွာသို့ သွားရောက်သင်ကြားရပါတယ်
ထိုကျောင်းသားများအတွက် ထီး ဖိနပ် မိုးကာ အစရှိတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းများလည်း လိုအပ်ပါတယ်
ဖော်ပြခဲ့ပြီးသော လိုအပ်ချက်များအတွက် တော်ကေးရွာ အောင်သုခဘုန်းတော်ကြီးသင်ပညာသင်ကျောင်းသို့ care teen မှ ၂၂ ရက်နေ့တွင် သွားရောက် လှူဒါန်းမှာ ဖြစ်ပါတယ်
သို့ဖြစ်ပါ၍ ကုသိုလ်ပါဝင်လိုသူများအနေဖြင့် အိနြေ္ဒအောင် care teen. Ph 09799600177 သို့ ဆက်သွယ်၍ ပါဝင်လှူဒါန်းနိင်ပါတယ်ခင်ဗျ
၂၂ ရက်နေ့တွင် အောင်သုခဘုန်းတော်ကြီးကျောင်းအလှူသို့ လိုက်ပါလိုသူများအနေနှင့် အိနြေ္ဒအောင် care teen ph 09799600177 သို့ စာရင်းပေးသွင်းနိုင်ပါတယ်
Care teen member ဖြစ်ရပါမယ်
ခရီးမှာ အနည်းငယ် ဝေးသည့်အတွက် အချိန် တစ်နေကုန်ပေးရပါမယ်
ကားစီစဉ်ရမည်ဖြစ်သောကြောင့် စာရင်းသေချာပေးစေလိုပါတယ်

EmoticonEmoticon