Care Teenရဲ့ ဧပြီလအတွက် လုပ်ဆောင်မဲ့ ပရဟိတလှုပ်ရှားမှုများ

(zawgyi)


👉April 7









လှူဒါန်းလိုပါက







#Thanks u


(Unicode)
Care Teen ရဲ့ ဧပြီလအတွင်း လုပ်ဖို့ရှိတဲ့ ပရဟိတလှုပ်ရှားမှုများ


👉April 7

  ရန်ကုန်မြို့တွင်းရှိ ဆင်းရဲနွမ်းပါးသူများကို  အဝတ်အထည်များ၊ဖိနပ်များ၊ဆေးဝါးများ တက်စွမ်းသမျှလိုက်လံလှူဒါန်းမည်ဖြစ်ပါသည်။ပါဝင်လှူဒါန်းလိုသူများသည်  လှူဒါန်းလိုသည့် အဝတ်အထည်ဟောင်းများ ၊ဆေးဝါးများကို  နီးစပ်ရာ Care Teen members များမှတဆင့်ဖြစ်စေ၊နေ့လည်1နာရီမှ ညနေ5နာရီအတွင်း Care Teen၏ လှည်းတန်းရုံးခန်းသို့ဖြစ်စေ (5.4.2016)နောက်ဆုံးထား၍ လာရောက်လှူဒါန်းနိုင်ပါသည်။  (အဝတ်အထည်ဟောင်းများကိုလျှော်ပီးလှူဒါန်းလျှင် ပိုမိုသင့်လျော်ပါသည်)


Care Teenရုံးခန်းလိပ်စာ-လှည်းတန်း၊အဝေရာလမ်း တိုက်(13)  3လွှာ


အကယ်၍ လှူဒါန်းလိုသည့် အဝတ်အထည်၊ဆေးဝါးပမာဏ များပြားသော်လည်း လာရောက်လှူဒါန်းရန် အခက်အခဲရှိပါက

မချမ်းသီရိ - 09788232355 သို့အကြောင်းကြားလျှင် အလှူပစ္စည်းများကို အိမ်တိုင်လာရောက်လာရောက်ယူဆောင်ပေးပါမည်။(ပမာဏနည်းသောအလှူပစ္စည်းများအတွက် အိမ်တိုင်ရာရောက် လာရောက်မယူဆောင်ပေးနိုင်သည်ကို သည်းခံ နားလည်ပေးစေလိုပါသည်)


ယခု7ရက်နေ့ လှူဒါန်းမှူအတွက်  နက်ဖန်(5.4.2016)ညနေပိုင်း တွင် ရန်ကုန်မြို့တွင်း

သို့Surveyဆင်းမည်ဖြစ်ရာ လိုက်ပါသူနည်းနေသောကြောင့် လိုက်ပါလိုသူCare Teen Memberများအနေဖြင့် နက်ဖန်(5.4.2016) ညနေ5နာရီအရောက်  လှည်းတန်းရုံးခန်းသို့ လာရောက်အားဖြည့်လိုက်ပါပေးကြပါရန်လည်း တိုက်တွန်းအပ်ပါသည်။


လှူဒါန်းလိုသူများဆက်သွယ်ရန်


မစုစန္ဒီခေါင်  (09420124407)

ကိုစည်သူအောင် (09799689510) သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည်။


👉နှစ်ဆန်းငါးရက်နေ့ (21.4.2016)


    ကွမ်းခြံကုန်းမြို့နယ် တော်ကေးကျေးရွာရှိ အောင်သုခဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်လှူဒါန်းပါမည်။ကျွန်တော်တို့အနေဖြင့် မည်ကဲ့သို့ အကျိုးရှိအောင် လှူဒါန်းနိုင်မည်ကိုလည်း အစီအစဉ်များချမှတ်လျက်ရှိပါသည်။ယခုလှူဒါန်းမှုတွင် ပါဝင်လှူဒါန်းလိုသူများသည် တယောက် တထောင်ကျပ်(1000ကျပ်) ပါဝင်လှူဒါန်းရပါမည်။Care Teen members များအနေဖြင့် မိမိပတ်ဝန်းကျင်မှ လှူဒါန်းလိုသူ သူငယ်ချင်း၊မိသားစုများထံမှ  တယောက်လျှင် တထောင်ကျပ်(1000)ကျပ် ကောက်ခံပေးစေလိုပါသည်။Care Teen Familyမှ အားလုံးပဲ လက်တွဲညီညီကောက်ခံပေးကြဖို့ မျှော်လင့်ပါသည်။အလှူရှင်စာရင်းကိုမှတ်တမ်းတင်ထားပီး အလှူငွေလက်ခံ ဖြတ်ပိုင်းများကိုလည်း ပေးအပ်သွားရန်ရှိပါသည်။လတ်တလော အလှူငွေဖြတ်ပိုင်းမဝေပေးနိုင်သေးသောကြောင့် အလွတ်ကောက်ခံပေးထားကြပါရန် မေတ္တာရပ်ခံပါသည်။အလှူရှင်စာရင်းကို Care Teen Offical page နှင့် Care Teen website တို့တွင် တရားဝင်ကြေငြာပါမည်။


အလှူငွေလက်ခံမှုကို နှစ်ဆန်းတရက်နေ့(17.4.2016) တွင် စာရင်းပိတ်ပါမည်။


လှူဒါန်းလိုပါက


မစုစန္ဒီခေါင်  (09420124407)

ကိုစည်သူအောင် (09799689510) သို့ ဆက်သွယ်လှုဒါန်းနိုင်ပါသည်။


👉ပုံမှန် Taste Of future Dreams(TFD 2.0)အပတ်စဉ် စာသင်ကြားမှု


 TFD(2.0) ပုံမှန်လှုပ်ရှားမှုအနေဖြင့်  အပတ်စဉ် စနေတနင်္ဂနွေတိုင်း တံတားကလေးဘူတာနှင့် ပုရွတ်ဆိတ်ကုန်းဘူတာတို့တွင်  စာသင်ကြားမှုပြုလုပ်လျက်ရှိပါသည်။

(Taste of future dream အစီအစဉ်နှင့်ပတ်သတ်၍ သိရှိလိုပါက - http://careteenmyanmar.blogspot.com/2016/04/care-teen-taste-of-future-dream-care.html?m=1 << တွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်


Care Teen Website - www.careteenmyanmar.blogspot.com


Care Teen Fb page - www.facebook.com/careteengroup


Care Teen နှင့်ပတ်သတ်၍ update newများသိရှိနိုင်စေရန် Care Teen application   (https://drive.google.com/file/d/0B1YY3Z8e1oqkU29GS2pIbkFEaV96ZVE5TDVadVdJRlRITzBJ/view?usp=sharing) ကိုလည်း ဒေါင်းလုပ်ရယူထားနိုင်ပါသည်


#Thanks u



Previous
Next Post »