Taste of future dream အကြောင်း

Care Teenမှယခု လုပ်ဆောင်လျက်ရှိသော Taste of Future Dream အ ကြောင်းအ သေးစိတ် သိလိုသည်များအားလုံးကို စုံလင်စွာဖတ်နိုင်ပါပြီ

မာတိကာ
 အပိုင်း (၁)
 ဖြစ် ပေါ်လာပုံ
 လုပ် ဆောင်ခဲ့ပြီးသည်များ
 အသစ်ထပ်မံလုပ် ဆောင်ရန်ကြိုးပမ်းခဲ့မှူများအ ကြောင်း
 အသစ်ထပ်မံလုပ် ဆောင်မည်များ


အပိုင်း ( ၁ )

 ဖြစ် ပေါ်လာပုံ
ရန်ကုန်မြို့တွင်းမှာရှိတဲ့ နွမ်းပါးက လေးများမှာ ကော်ရှူကာ၊ ပလုံ(အမှိုက် ကောက်ခြင်း) များပြုလုပ်ကာ အသက် မွေး နေကြရပါသည်။ ကူညီ ဖေးမ ပေးမည့်သူမရှိသည့်အတွက် ပညာ ရေးထက် ၀မ်း ရေး နေ ရေးပင်ပိုမိုခက်ခဲ နေပါသည်။ ထို့  ကြောင့် Care Teen မှ မိမိ တို့တတ်နိုင်သမျှဖြင့်တစ်ဖက်တစ်လမ်းမှ ကူညီရန် Taste of Future Dream ဆိုတဲ့activity လေး ကို စတင်ခဲ့ပါတယ်။ ယင်းမှာ ရန်ကုန်မြို့တွင် ဘူတာရုံများအနီးဝန်းကျင်တွင် ထိုက လေးငယ်များကို အများဆုံး တွေ့နိုင်ရသဖြင့် မီးရထားဘူတာများ တွင် ယာယီစခန်းချကာ အစားအစာများ ကျွေးခြင်း၊ ဗဟုသုတရဖွယ် ပုံပြင်များ ပြောပြ ဖတ်ပြခြင်း၊ အား ပေးစကားများ ပြောကြားခြင်းတို့ကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့ကြပါတယ်။

 လုပ် ဆောင်ခဲ့ပြီးသည်များ

Taste of Future Dream ဆိုတဲ့ activity လေးကို Care Teen ပရဟိတအဖွဲ့မှ ဦး ဆောင်လုပ် ဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင်းရှိ မိဘမဲ့က လေးငယ်များ၊ ကော်ရှူက လေးငယ်များ၊ နွမ်းပါးသူများကို လိုက်လံ စောင့် ရှောက်သည့် activity လေးပဲဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် မှာ TFD ကို ပထမဆုံး အကြိမ်လုပ် ဆောင်ခဲ့ပြီး က လေးငယ်အ မြောက်အများကို ကူညီ ပေးနိုင်ခဲ့ပါတယ်။

 အသစ်ထပ်မံလုပ် ဆောင်ရန်ကြိးပမ်းခဲ့မှူများအ ကြောင်း

အောင်မြင်ခဲ့ သော TFD project ကြောင့် Care Teen အဖွဲ့မှာ အကူအညီများကို ထပ်မံ ပေးနိုင်ရန်ကြိုးပမ်းခဲ့ကြပါသည်။ ပထမအကြိမ်တွင် သိမြင်ခဲ့ရသည်မှာ ကျောင်းမ နေနိုင် သော က လေးငယ်များ၊ ပညာမတတ် သောက လေးငယ်များအများအ ပြားရှိ ကြောင်း တွေ့ခဲ့ရပါသည်။ ထို့ ကြောင့် Taste of Future Dream 2.0 ဟု အမည် ပေးကာ နဂိုမူလအစီအစဉ်များအပြင် Education Programme ကိုပါ ထပ်မံဖြည့်သွင်းရန်ကြိုးပမ်းခဲ့ကြပါသည်။

သို့ သော်လည်း နေရာအခက်အခဲ၊လူစာရင်း ကောက်ရန်အခက်အခဲ၊ စာ ပေသင်ကြား ပေးနိုင် သော စေတနာ့ဝန်ထမ်းအခက်အခဲ၊ ငွေ ကြေးအခက်အခဲများ ကြောင့် ခေတ္တဆိုင်းငံ့ခဲ့ပါသည်။
ဆိုင်းငံ့ကာလအတွင်းတွင် Care Teen members များမှ က လေးငယ်အများဆုံး တွေရသည့်ဘူတာများဖြစ်သည့် ဒညင်းကုန်၊ပုရွက်ဆိပ်ကုန်း၊တံတားက လေး ဘူတာများကို လက် တွေ့ကွင်းဆင်းသွား ရောက်ခဲ့ပါသည်။ စာသင်ကြား ပေးရန် နေရာရရန် ကြိုးပမ်းခဲ့ကြပါသည်။ မီးရထားဘူတာရုံများတွင် နေရာ ရနိုင်ရန် အစိုးရထံသို့ ခွင့်ပြုမိန့် တောင်းခံခြင်းများလည်း ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံးတွင် ဒညင်းကုန်းဘူတာတစ်ခုသာ နေရာရရန် ကျန်ရှိကာ ကျန်ဘူတာနှစ်ခုဖြစ် သော တံတားက လေးနှင့် ပုရွက်ဆိပ်ကုန်း ဘူတာများတွင် မိုးလုံ လေ လုံနှင့် ကောင်းမွန်လှ သော နေရာများကို ရရှိခဲ့ပါသည်။ ထို့ နောက် စာ ပေသင်ကြား ပေးမည့် စေတနာ့ဝန်ထမ်းများကို ဆက်လက်စု ဆောင်းပါသည်။ ထို စေတနာ့ဝန်ထမ်းများကို ထပ်မံသင်ကြား ပေးမည့် Trainer ဆရာ/ဆရာမ များကိုလည်း ရှာ ဖွေခဲ့ပါသည်။ အားလုံးမှာ ဆယ် ကျော်သက် စေတနာ့ဝန်ထမ်းများသာဖြစ်ပါသည်။

 အသင်းထပ်မံလုပ် ဆောင်မည်များ

အသစ်ထပ်မံဖြည့်သွင်းသည့် Education programme တွင် ဘာသာရပ် လေးခုဖြင့် သင်ကြားရန် (ယာယီ) စီမံထားပါသည်။ က လေးများမှာ အသက်အရွယ်အမျိုးမျိုးလာမည်ဖြစ်ပြီး စာတတ်သူများ စာလုံးဝမတတ်သူများ စာအနည်းငယ်တတ်သူများ စသည်ဖြင့် လာ ရောက်ကြမည်ဖြစ် သော ကြောင့် စတင်သင်ကြားမည့် ပထမဆုံးလတွင် စာရင်း ကောက်ကာ သင်ရိုးကို ထပ်မံပြင်ရမည်ဖြစ်သဖြင့် ယာယီဟု ပြောဆိုထားခြင်းဖြစ်ပါတယ်။

ဘာသာရပ် လေးခုမှာ
English
မြန်မာစာ
သခ်ာၤ
Development တို့ပဲဖြစ်ပါတယ်။ Development က တော့ က လေးငယ်များနဲ့ ကိုက်ညီတဲ့ အကျိုးရှိ ကစားနည်းများကစား ပေးခြင်း အာဟာရတိုက် ကျွေးခြင်း၊ ပုံပြင်များ ပြောပြဖတ်ပြခြင်း တို့ကို ပြုလုပ် ပေးသွားမှာပဲဖြစ်ပါတယ်။
အထက် တွင် ပြောထားသကဲ့သို့ အရွယ်စုံက လေးများ ကြောင့် အစိုးရသင်ရိုးများကို မသင်နိုင်ခြင်းဖြစ်သည့်အပြင် အစိုးရသင်ရိုးများကို သင်ကြားပါက အချိန်ပိုကျူရှင်ကဲ့သို့သာဖြစ်သွားမည်ဖြစ် ပါသည်။

ယခုလက်ရှိတွင် တံတားကလေးဘူတာနှင့် ပုရွက်ဆိတ်ကုန်းဘူတာတို့အနီးရှိ နေရာနှစ်ခုတွင် စတင်သင်ကြားလျက်ရှိပါသည်။


အပိုင်း ( ၂ )

 👉ပညာသင်ကြား ပေးမည့်အစီအစဉ်နှင့် ဖွဲ့စည်းပုံ
 👉စာသင် ပေးမည့် volunteer များလုပ် ဆောင်ရမည်များနှင့် စည်းကမ်းချက်များ
👉 ကြီးကြပ် volunteer များလုပ် ဆောင်ရမည်များနှင့် စည်းကမ်းချက်များ
👉volunteer
အကူလုပ်လိုသူများအတွက်သိထားရန်များ
👉 အလှူ ငွေလှူဒါန်းလိုပါက ဆက်သွယ်ရန်
👉 အသင်းဝင်လိုပါက ဆက်သွယ်ရန်
👉 စာသင် ပေးလိုပါက ဆက်သွယ်ရန်
 👉အသင်းအ ကြောင်းသိလိုပါက ဆက်သွယ်ရန်


အပိုင်း  ( ၂ )

 👉ပညာသင်ကြား ပေးမည့် အစီအစဉ်နှင့် ဖွဲ့စည်းပုံ

ဆင်းရဲနွမ်းပါးက လေးငယ်များ ၊ ပညာဆက်လက်သင်ကြားရန်မတတ်နိုင်သူများ၊ ပညာ ရေးအားနည်း သောက လေးငယ်များကို ဦးစား ပေးသင်ကြား ပေးသွားပါမည်။ စတင်သင်ကြားမည့်ပထမဆုံးလတွင် လိုအပ်သည်များကို အဓိကကြည့်ရှူကာ စာရင်းပြုစုရင်း သင်ရိုးဆွဲသွားပါမည်။ 

စာသင်ချိန်မှာ ဘူတာနှစ်ခုရှိသည့်အနက် စနေတနင်္ဂနွေ 2ရက်လုံးတွင် ပထမဘူတာကို မနက် 9:00 မှ 11 :00 ဝန်းကျင်အထိ  နောက်တဘူတာကို နေ့လည် 12:30မှ နေ့လည် 2:30 ဝန်းကျင်အထိ သင်ကြားပါမည်။(အချိန်အပြောင်းအလဲရှိနိုင်သော်လည်းကြီးမားသောအပြောင်းအလဲမရှိနိုင်ပါ)

ဘာသာရပ်တစ်ခုကို တစ်နာရီသင်ကြား ပေးသွားမည်ဖြစ်ပါသည်။ (လိုအပ်ပါမှ အချိန်ထပ်မံတိုးခြင်းများ ညှိနှိုင်း ဆောင်ရွက်ပါမည်။)

ကြီးကြပ်၊စာသင်ကြားရေးနှင့် volunteerအကူဟူ၍ သုံးဖွဲ့ခွဲထားပါသည်။ 

နှစ်ရှည်သင်ကြားနိုင်ရန် ရည်ရွယ်ပြီး သင်ကြားရန်စီစဉ်ပါသည်။ 

👉 စာသင် ပေးမည့် volunteers များ လုပ် ဆောင်ရမည်များနှင့် စည်းကမ်းချက်များ

မိမိသင်ကြားလို သောဘာသာရပ်တစ်ခု သို့မဟုတ် နှစ်ခု သို့မဟုတ် အားလုံးကို ရွေးချယ်သင် ပေးနိုင်ပါတယ်။ 

ထို့ ကြောင့် volunteers များမှာ မိမိအားသည့် စ နေ ဆိုလျှင် စ နေ၊ တနင်္ဂ နွေဆိုလျှင် တနင်္ဂ နွေ ထိုရက်တွင် သင်ကြားမည့် ဘာသာရပ်တစ်ခုကိုဖြစ် စေ နှစ်ခုလုံးဖြစ် စေ တာဝန်ယူသင်ကြား ပေးနိုင်ပါသည်။ (စာသင်ကြားမည့်သူရှိနေလျှင်လည်း volunteerအကူအဖြစ် ကူညီလုပ်ဆောင်ပေးနိုင်ပါသည်)

#စည်းကမ်းချက်များ
 စာသင် ပေးမည့် စေတနာ့ဝန်ထမ်းများအားလုံး မြန်မာဝတ်စုံသာဝတ်ဆင်ရပါမည်။ မ၀တ်ဆင်လာပါက သင်ကြားခွင့်ပြုမည်မဟုတ်ပါ။ volunteer ကဒ်ပြားဆွဲရပါမည်။ 
 တတ်နိုင်သမျှအချိန် နောက်ကျခြင်းမရှိ စေချင်ပါ။ စုရပ်တွင်အားလုံးဆုံကာ စုရပ်မှသာအားလုံးပြန်ရပါမည်။ 

👉 ကြီးကြပ် Volunteer များလုပ် ဆောင်ရန်နှင့် စည်းကမ်းချက်များ

လိုအပ်သည်များအားလုံး - က လေးကူထိန်း ပေးခြင်းမှစကာ စာကူသင် ပေးခြင်း မှလိုအပ်သည်များအားလုံးလုပ် ဆောင် ပေးရပါမည်။ 

#စည်းကမ်းချက်များ

Care Teen members သာဖြစ်ရပါမည်။ Care Teen shrit ကိုသာဝတ်ဆင်ရပါမည်။ က လေးအ ရေအတွက်စာရင်း ကောက်ခြင်း လူစာရင်းလုပ်ခြင်း အစားအစာ ကျွေးခြင်း လိုအပ်သည့် သင်ရိုးများတွင် ကူညီ ပေးရမည်။ 

👉Volunteerအကူလုပ်ဆောင်လိုသူများအတွက် လုပ်ဆောင်ရမည်များနှင့် စည်းကမ်းချက်များ

စာမသင်တတ်လည်း ယခုTFD  programmeတွင် volunteerအကူအဖြစ် ပါဝင်ကူညီပေးနိုင်ပါသည်။ကလေးထိန်းခြင်း၊အတန်းကိုဆူပူမှုမရှိအောင် ထိန်းပေးခြင်း၊ ကလေးများအား အမှတ်ခြစ်ပေးခြင်း စသဖြင့် ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးနိုင်ပါသည်

#စည်းကမ်းချက်များ
Volunteerအကူသည် careteen memberဖြစ်ရန်မလိုပါ။သို့သော်  အနည်းဆုံးတလဆက်တိုက် မိမိကြိုက်နှစ်သက်ရာ တရက်ဖစ်စေ နှစ်ရက်လုံးအချိန်ပေးနိုင်လျှင် နှစ်ရက်လုံးဖြစ်စေ မနက်ပိုင်းချည်းပဲဖြစ်စေ မိမိအဆင်ပြေရာအချိန်ကို ရွေးချယ်လိုက်ပါကူညီနိုင်ပါသည်။ မြန်မာဝတ်စုံ ဝတ်ဆင်ရပါမည်။

👉အလှူ ငွေလှူဒါန်းလိုပါက KBZ bank 17330217300228301 သို့ လှူဒါန်းနိုင်ပါသည်။ 

👉Care Teen အဖွဲ့သို့အသင်းဝင်လိုပါက ရဲရဲဦး 09450006066 FB acc Ye Ye Oo, yeyeoo1998@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။

👉TFD တွင် Volunteer အဖြစ် ဆောင်ရွက်လိုပါက မိမိလုပ် ဆောင်လိုသည့် role နှင့် စာသင်မည်ဆိုပါက ဘာသာရပ်ပါ ပြော ပေးပြီး နာမည် ဖုန်းနံပါတ်အပြည့်အစုံ ကို 09450006066 or FB acc Ye Ye Oo ကို စာရင်း ပေးကာ ထိုနေ့မနက် 7:30တွင် Care Teen office(စုရပ်) သို့က့လာရပါမည်။ ( လှည်းတန်း အ ဝေရာလမ်း တိုက်နံပါတ် ၁၃ ၃လွှာ ကျောင်း ရှေ့မှတ်တိုင် ဖုန်းနံပါတ် 09782520760)

Care Teen အဖွဲ့နှင့် ပက်သက်ကာ သိလိုသည်များ စုံစမ်းလိုသည်များရှိပါက အဖွဲ့ ခေါင်း ဆောင် ရဲရဲဦး သို့လည်း ကောင်း Care Teen ဆိုသည့် အဖွဲ့page တွင်လည်း ကောင်း Care Teen official ဆိုသည့် public group တွင်လည်း ကောင်းစုံစမ်းနိုင်ပါသည်ခင်ဗျာ။ ကျေးဇူးအများကြီးတင်ပါသည်ခင်ဗျား။  ။

ဖြည့်စွက်ချက် - တဘူတာကို ခြောက်လကြာ သင်ရိုးဖြင့် သင်ကြားသွားမည်ဖြစ်ပါသည်။ ခြောက်လပြည့်လျှင် နောက်တဘူတာကိုပြောင်းရွှေ့သင်ကြားမည်ဖြစ်ပါသည်။အဓိကရည်ရွယ်ချက်မှာ ကျောင်းမနေနိုင်သော ကလေးများကို စာတတ်(ရေးတတ် ဖတ်တတ်)စေရန် ရည်ရွယ်ပါသည်။  အခြား ရေးတတ်ဖတ်တတ်သောလည်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မနေနိုင်သော ကလေးများ လာရောက်သင်ယူပါကလည်း အင်္ဂလိပ်စာ meaningများနှင့်  သူနှင့်သင့်တော်ရာများကိုသင်ကြားပေးသွားမည်ဖြစ်ပါသည်)

Previous
Next Post »