ကျနော်နဲ့ Eaindray Aung တို့ တိုင်ပင်ပြီး အကြမ်းရေးထားတဲ့ rough plan ပါ။ အသေးစိတ်တွေလာပါမယ်။
Care teen members များအားလုံး
ဒါက Nov , Dec , Jan သုံးလအတွက် rough plansပါ
အရင်ဆုံး Nov လဆန်းပိုင်း ၁၀ ရက်နေ့လောက်ကစပြီး ကြည့်မြင်တိုင် မျက်မမြင်ကျောင်းမှာ volunteer လုပ်ပါမယ်
Care teen က မဟုတ်တဲ့ သူငယ်ချင်းတွေလဲ
Volunteer လုပ်ပေးချင်တယ်ဆို ရပါတယ်ရှင်
လက်ဆင့်ကမ်းပြောပေးကြပါ
ဇာတ်တော်တွေ ပုံပြင်လေးတွေကို Studio မှာ အသံသွင်းပေးတာတို့
ကလေးတွေစာမေးပွဲမှာ သူတို့ပြောတာလေးတွေ လိုက်ရေးပေးတာတို့
၅,၆,၇,၈ ကလေးတွေအတွက် Eng စာပြပေးတာတို့ အဲ့ဒါလေးတွေနဲ့ လုပ်အားပေးကုသိုလ်ယူရမှာပါ
နောက် charity တစ်ခုက ကောလင်းအတွက်ပါ
ရေဘေးပြန်လည်ထူထောင်ရေးခေါင်းစဉ်နဲ့
Qualify Drinking Water Project
လုပ်ဖို့ရှိပါတယ်
အဲ့အတွက် အလှူငွေ တွေကို Nov ( ) ရက်နေ့ကစပြီး ကောက်ခံကြပါမယ်
အဲ့အတွက်လည်း volunteer အနေနဲ့ အားဖြည့်ပေးစေချင်ပါတယ်
အခု water project ကို
Youth Social Force (YSF)
Dental Donation Group (DDG)
Care Teen (CT)
တို့ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပြီး ခန့်မှန်းခြေသိန်း ၁၅၀ ကုန်ကျပါမယ်။
တစ်ဖွဲ့ဆီက သိန်း၅၀ ထည့်ဝင်ဖို့ရည်ရွယ်ထားပါတယ်။
ကျမတို့ care teen အနေနဲ့ တစ်ရက်ကို လေးဖွဲ့ခွဲပြီး
အလှူငွေ လိုက်ကောက်ခံဖို့ စီစဉ်ထားပါတယ်
လူအင်အားက တစ်ဖွဲ့မှာ ၁၅ ယောက်ထားပါမယ် ခန့်မှန်းခြေ ၁၆ နေရာလောက်ပါ
၁ဖွဲ့ကို၁နေရာပါ
အလှူခံရက်က ၄ ရက်ပါ
ဒါကြောင့် လူအင်အား များများလိုပါတယ်
အားလုံးအင်တိုက်အားတိုက်ကူညီအားဖြည့်ပေးကြပါ
Project အနေနဲ့ စနစ်တကျ စီစဉ်ထားလို့
အားလုံး ယုံကြည်စွာနဲ့ လှူဒါန်းကြမယ်လို့
ယုံပါတယ်
အဲ့အတွက် အလှူခံထွက်ဖို့ volunteer လေးများလည်း ကူညီပေးကြပါရှင်
နောက် charity တစ်ခုက မိုးညို မှာ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်
သွားရလာရ အချိန်အတော်ယူပေမယ့် တကယ် လိုအပ်နေတဲ့ နေရာ ဖြစ်လို့ အားလုံး ကိုယ်တိုင်ကိုယ်ကျ လိုက်ပါလှူဒါန်းစေချင်ပါတယ်
မိုးညိုအတွက် အလှူငွေကိုတော့ fund ထဲကပဲ အသုံးပြုလှူဒါန်းသွားမှာပါ
မိုးညိုကို သွားရောက် လှူဒါန်းမယ့်နေ့က Nov ( ) ပါ
Care teen members များအားလုံး care teen ရဲ့လှုပ်ရှားမှုတိုင်းမှာ တစ်တပ်တစ်အား ပါဝင်နိုင်ကြဖို့ အသိပေးလိုက်ပါတယ်နော်
ကျေးဇူးတင်ပါတယ်ရှင်
EmoticonEmoticon